ရေနံချောင်း ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာအုပ်စု၊ ပင်းဘုရားကုန်းကျေးရွာ၊ ပင်းစက္ကပမြတ်စွာဘုရားတန်ဆောင်းတွင် ယမန်နေ့ညနေ (၄)နာရီအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့်အဖွဲ့ဝင်များသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရွာခွဲတာဝန်ခံများ၊ ဆယ်အိမ်စုမှူးများ၊ ရပ်မိရပ်ဖများအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ရပ်ရွာအတွင်းမှုခင်းကျဆင်းရေး၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြနိုင်ရေး၊ မီးဘေးလုံခြုံရေးတို့အား အထူးသတိပြု ဆောင်ရွက်ကြရန်နှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေး ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ရပ်မိရပ်ဖများမှလိုအပ်သည်များ တင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ