လိပ်သို ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီ အချိန်က ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်လာရောက် ငှားရမ်းဖတ်ရှုကြသော ကလေးများအား ကလေးအလုပ် သမား လျော့နည်းပပျောက်ရေး အကြောင်းသိကောင်းစရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပို်ငးဆိုင်ရာ ဆိုးကျိုးများ အကြောင်းကို အသိပညာပေး ဟောပြောပေးခဲ့ပြီး ကလေးသူငယ်များ၏ အခွင့်အရေးဆို်ငရာ ဥပဒေများ၊ ကလေးအလုပ်သမား ပပျောက်ရေး ဆို်ငရာ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)