သရက်ခရိုင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ဘုတ် ခင်းကျင်းပြသ

သရက်  ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှိမြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများသိရှိစေရန် အသိပညာပေးနံရံကပ်စာစောင်များ ပြသလျက်ရှိရာ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစည် () ရပ်နှင့် ဦးတည်ချက် () ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ် () ရပ်နှင့် ဦးတည်ချက် () ရပ် ချမှတ်၍ ဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများအား ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့်သိရှိနိုင်စေရန် ရည်ရွယ်၍ ရှေ့လုပ်ငန်းစဉ် () ရပ်ပါသည့် ဆောင်ရွက်ချက် ဗီနိုင်းပိုစာတာနှင့် ဦးတည်ချက် () ရပ်ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများပါဝင်သော ဗီနိုင်းပိုစတာများကို ပြသဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)