ပန်းတနော် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန ( Community Centre ) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club) အသင်းဥက္ကဋ္ဌ စာရေးဆရာ ဦးစစ်ယုန်က လွတ်လပ်ရေးနေ့တွင် ကဗျာရွတ်၊ အသိပညာပေး ဟောပြောပွဲ ဆေးရောင်ချယ်ပြိုင်ပွဲများ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ (Woman Club) အသင်းဥက္ကဋ္ဌ ဒေါ်ခင်တိုးမွန်နှင့်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်ဦးရေ သတ်မှတ်ပြီး အကဲဖြတ် အမှတ်ပေးဒိုင်များ ရွေးချယ်ရေး၊ ဆုများပေးအပ်ချီးမြှင့်နိုင်ရေး ၊ ကျောင်းများသို့ ဖိတ်ကြားရေးစသည့် အကြောင်းအရာများ အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)