မြဝတီ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်စာအုပ်စာ စောင်/နံရံကပ် ပြပွဲများပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံ(၁၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပြုလုပ် ဆောင်ရွက် ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး)ဒေါ် အေးအေးသီ က ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်အမြဲ သတိရနေစေရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံကို သိရှိလာစေရန်ရည်ရွယ်၍ ယခုလို ဟောပြောပွဲများ ပြုလုပ်ရခြင်းနှင့် လွတ်လပ်ရေး အဓိပ္ပါယ်၊ လွတ်လပ်ရေးနေ့သမိုင်းကြောင်း စသည့်အကြောင်းအရာများကို ဟောပြော ဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉)ရပ်၊ ပြည်ထောင်စုကြီး တည်တံ့စေရေး လွတ်လပ်ရေးကို ပြည်သူများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ် စေရန် ရည်ရွယ်၍ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များနှင့် လွတ်လပ် ရေး ကြိုပမ်းမှု သမိုင်းဓာတ်ပုံများကို ပြသထားခြင်း၊ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေကို မြတ်နိုးတန်ဖိုး ထားတတ်စေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်များကို အမျိုးအစား ပညာရပ်များ အလိုက် ခင်းကျင်း ပြသခဲ့ရာ ပြပွဲသို့ တက်ရောက်လာသည့် ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြ ကြောင်း သိရသည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက်)