ဖျာပုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့်ဌာနဆိုင်ရာများသို့ စာအုပ်များ  အခမဲ့ကွင်းဆင်းငှားရမ်းပေး

ဖျာပုံ     ဒီဇင်ဘာ       ၁၆

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဖျာပုံခရိုင်ဆည်မြောင်းဦးစီးဌာနသို့ ယနေ့နံနက် ၁၀နာရီချိန်က Mobile စနစ်ဖြင့် စာအုပ်များ အခမဲ့ ကွင်းဆင်း ငှားရမ်းပေးခဲ့ကြသည်။

အဆိုပါ  စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့်ဌာနဆိုင်ရာများသို့စာအုပ်များ အခမဲ့ငှားရမ်း ပေးရာတွင် သုတ/ရသ စာအုပ်များ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်း စာအုပ်များနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်/စာစောင်အသစ်များဖြင့် အပတ်စဉ် လိုက်လံလဲလှယ်၍ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်