ကျိုက်ဒုံမြို့၌ ဆဋ္ဌမအသုတ်၊ ပထမအကြိမ် အသက်၁၈နှစ်နှင့်အထက်ပြည့်ပြီး၊ပြည်သူ (၅၀၀)ဦး အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကျိုက်ဒုံ ဒီဇင်ဘာလ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့ နံနက်၉နာရီက မြို့ အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့်ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံမြို့ပေါ်နှင့်ကျေးရွာများတွင် နေထိုင်သည့် အသက်၁၈နှစ်နှင့်အထက် ပြည့်ပြီး ပြည်သူ (၂၅၀) ဦး၊ယမန့်နေ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူ(၂၅၀)ဦး ဆဋ္ဌမအသုတ်၊ ပထမ အကြိမ် အသက်၁၈နှစ်နှင့်အထက်ပြည့်ပြီး၊ စုစုပေါင်းပြည်သူ (၅၀၀) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများကို ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများမှ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊လိုအပ်သည်များကို ကူညီပေးခြင်း၊ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာနေ ပြည်သူများအား ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းနိုင်