လိပ်သို ဒီဇင်ဘာ ၁၆
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အများပြည် သူသိရှိနိုင်စေရန် ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများသို့ သွားရောက်၍ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးလှည့်လည် နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှည့်လည် အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ကျေးရွာနေ ပြည်သူများ အနေဖြင့် ယခုအချိန်တွင် ကိုဗစ်၁၉ မျိုးကွဲသစ် အိုမီခရွန် အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု များ ပိုမိုများပြားလာနေပြီ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေး ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မိမိနေအိမ်တွင်း၌ သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံကြရန်၊ မဖြစ်မနေ အရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်စည်း Mask ကို စနစ်တကျ တပ်ဆင် သွားလာကြရန်၊ အရာ၀တ္တုတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာ ဖြင့် စနစ်တကျ ဆေးရန်၊ အကယ်၍မိမိတို့ရောဂါ ပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါ၀င်ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို မြို့ပေါ်/ရပ်ကွက်နေ ပြည်သူ များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)