ဖာပွန် ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး တင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် သားငယ်သမီးငယ်များအတွက် ဗဟုသုတရရှိစေရန်ဖာပွန်မြို့ပြည်သူ့ စာကြည့်တိုက် Facebook Page မှ သုတ၊ရသစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင် ပြောပြခြင်းအစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များ၊ စာကြည့်တိုက်လှုပ်ရှား ဆောင်ရွက် မှုများကို ဖာပွန်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ရိုက်ကူး တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ Online စနစ်ဖြင့် ဖာပွန်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှ တင်ဆက်ပေးခြင်းဖြင့် ကိုဗစ်ကာလ ပြည်သူများအနေဖြင့် စိတ်အပန်းဖြေမှုနှင့် အသိပညာဗဟုသုတများ လည်း ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)