ကမမောင်း ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင် ငှားရမ်းတတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ခုံလုပြိုင်ပွဲနှင့်ဘောလုံးပစ်ပြိုင်ပွဲများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း (၈)နာရီ အချိန်ခန့်က ကမမောင်းမြို့ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ယဉ်ယဉ်အေးက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျလာသည့်အတွက် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား လူငယ်ကလေးငယ်များ အသိပညာဗဟုသုတရရှိရန်၊ ဉာဏ်ရည်ဉာဏ် သွေးကောင်းမွနရန်နှင့်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြိုင်ပွဲကိုပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခုံလုပြိုင်ပွဲနှင့်ဘောလုံးပစ်ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့်ကျောင်းသား/သူစုစု ပေါင်း(၁၃)ဦးတို့က ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)