ပုလော ဒီဇင်ဘာ ၁၆
လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်း စီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပြီးသူ (၈၁၂) ဦးကို ယမန်နေ့ နံနက် (၁၁) နာရီက ပုလောမြို့နယ် ခန်းမ၌ ပုလောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်တွင် နိုင်ငံတော် အစိုးရ၏လမ်းညွှန်းချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်နှင့် အိမ်ထောင်စုများကို ရပ်ကွက်/ကျေးရွာအသီးသီးသို့ ကွင်းဆင်း၍ ၂၀၂၁ ခုနှစ် မေလမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ထိုကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ် လာရောက် ဆောင်ရွက် ပြီးသူ (၈၁၂) ဦးကို ဓာတ်ပုံရိုက်ခနှင့် သွေးစစ်ဆေးခများ အထောက်အပံ့ဖြစ်စေရန် အတွက် တစ်ဦးလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ၂၄၃၆၀၀၀ ကျပ်ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)