ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ဇလွန်       ဒီဇင်ဘာ     ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ဦးသောင်းစိန်စက်သုံးဆီဆိုင်၊ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်၊ Grandmax စက်သုံးဆီဆိုင် များအားမီးသတ်ဆေးဘူးများထားရှိ ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ fire point များစစ်ဆေးခြင်း၊ အရေးပေါ်အပေါ့စား ရေစုပ်စက်များ စစ်ဆေးခြင်း ၊ ဆီများသိုလှောင်ထားသော Ground tank များ Over tank များစစ်ဆေးခြင်း ၊ foam ဆေးရည်များစစ်ဆေးခြင်း၊ အရေးပေါ် အဝင်ထွက်လမ်းများ သတိပေးဆိုင်းပုဒ်များ ဆောင်ရွက်ထားရှိခြင်းရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ်က ဆိုင်ဝန်ထမ်းများအား မီးဘေးအန္တရာယ် သတိမူရေးနှင့် အရေးပေါ်မီးသတ်ဆေးဘူး အသုံးပြုပုံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)