ရေနံချောင်း ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကမ္မကျေးရွာအုပ်စု သပွတ်စုကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးနေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ကုန်ထုတ် လမ်းဖောက် လုပ်နေမှုတို့ကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်း တို့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သပွတ်စုကျေးရွာ လည်ပေါ်ဘုန်းတော် ကြီးကျောင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွာခွဲတာဝန်ခံများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများနှင့် ဒေသခံပြည်သူ များအား ရပ်ရွာအေးချမ်းသာယာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် ဒေသခံ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ထိုးနှံကြရန် အသိပညာပေးဟော ပြောကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကမ္မကျေးရွာကုန်ထုတ်လမ်းဖြစ်သည့် ကမ္မ-တပ်အိုလမ်းပိုင်း မြေနီခင်းခြင်း လုပ်ငန်းဆောင် ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုကာ အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)