ဝက်လက် ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မုဆိုခြုံကျေးရွာ ကွင်းအမှတ်(၃၃၀၃) ဦးပိုင်အမှတ်(၂၈)ရှိ တောင်သူ ဦးမိုးမြင့်ထွန်း ၏ မိုးစပါးတင်း(၁၀၀)ထွက်ရှိရေးစံပြ မိုးစပါး စိုက်ခင်း(၅)ဧကတွင် ယနေ့ နံနက် ၉ နာရီ အချိန်က ထွက်နှုန်း မှတ်တမ်း သိရှိနိုင်ရန်အတွက် (၆.၆)ပေ ပတ်လည်ံကွက် (၃)ကွက်နှင့် (၀.၁၀) ဧကရှိ စံကွက် (၁)ကွက်၊ စုစုပေါင်း စံကွက်( ၄ ) ကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်သည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင်၊ တစ်ဧက ထွက်နှုန်း ပျမ်းမျှ အစို (၁၂၀)တင်း၊ အခြောက် (၁၀၈)တင်းနှုန်း ထွက်ရှိပြီး ဝက်လက်မြို့နယ်တွင် မိုးစပါး စုစုပေါင်း (၁၄၁၂၈၇)ဧက စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် စိုက်ဧက၏ (၁၀)ရာခိုင်နှုန်းကို ရိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။
မုဆိုးခြုံကျေးရွာ စံပြကွက်ရိတ်သိမ်းပွဲသို့ ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စိုက်ပျိုးညှိနှိုင်မှု ကော်မတီဝင်များ၊ မြိုနယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုဆိုးခြုံကျေးရွာမှ တောင်သူ(၄၅)ဦး တက်ရောက် ကြကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)