ဒေးဒရဲမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဒေးဒရဲ   ဒီဇင်ဘာ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၈၀)ယာဉ်ထိန်းတပ်ဖွဲ့စိတ်က ရဲတပ်ကြပ်ကြီး ထွန်းသန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က တပ်သား တင်အံ့ကျော်က ယာဉ်အန္တရာယ်ကင်းစင်ရေး လိုက်နာရမည့် စည်းကမ်းချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)