ရွှေဘို ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု (Community Centre) ခန်းမ၌ဒီဇင်ဘာလ ၁၄ ရက်နေ့၊နေ့ ၁၂ နာရီအချိန်က ရွှေဘိုခရိုင် နှင့်ခရိုင်တွင်းရှိမြို့ရုံး၊မြို့နယ် ရုံးများအတွက် ရွှေဘိုသွေး မဂ္ဂဇင်း အမှတ် ၂ စာအုပ်လှူဒါန်း ပွဲကိုကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေဘိုသွေးမဂ္ဂဇင်းအလှူရှင် ဆရာတော်နန္နောဘာဘနက စာအုပ်လှူဒါန်းရခြင်းအကြောင်း ကိုရှင်းလင်း ပြောကြားပြီးအရှင်နိမလက စာပေအရည်အသွေး မြင့်မားရေးအစဉ်ကြိုးစားရေးနှင့် မဂ္ဂဇင်းရေရှည် ရပ်တည် နိုင်ရေး ဆောင်ရွက်နေမှုကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်ဆရာတော်များ နှင့်စာရေး ဆရာများ ကစာအုပ်များကိုပေးအပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ရွှေဘိုခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန် က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။ ရွှေဘိုသွေးမဂ္ဂဇင်းအမှတ် ၂ စာအုပ်ကိုရွှေဘိုခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် မြို့ရုံးစာကြည့်တိုက်များတွင် အများပြည်သူလေ့လာဖတ်ရှုနိုင်ရန်အတွက်စုစုပေါင်း ၅၅ အုပ်ကိုပေး အပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။
စိုးသီဟ(ရွှေဘို)