ရေတာရှည် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စံကွေးကျေးရွာအုပ်စုအတွင်းရှိ မရိုးခုံကျေးရွာ ရွှေ့ပြောင်းနိုင်ရေးအတွက် မြေနေရာသစ် ပြုပြင်ဆောင်ရွက်နေမှုအား ဒီဇင်ဘာ ၁၄ ရက်နေ့က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ က ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဆည်မြောင်းနှင့် ရေအသုံးချဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမြတ်လင်း က မြေနေရာ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
မရိုးခုံကျေးရွာတွင် အိမ်ခြေ (၃၈၀) ကျော် ရှိပြီး မိုးရာသီအချိန်တွင် မြေနိမ့်ပိုင်းရှိ အိမ်ခြေ(၂၀၀)ခန့် နှစ်စဉ် ရေဝင်နှစ်မြုပ်သည့်အတွက် ကျေးရွာအနီး ကုန်းမြင့်ပိုင်းတွင်ရှိသည့် သစ်တောမြေ ဧက (၂၆.၂၁)ဧကသို့ ရွှေ့ပြောင်းထားရှိမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)