နတ်မောက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့စဉ်ပြုလုပ်ပေးလျက်ရှိ

နတ်မောက်   ဒီဇင်ဘာ    ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့်မြို့နယ်ဦးစီးမှုးရုံးတွင် နေ့စဉ်ပြုလုပ်ပေးလျက်ရှိ သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဒီဇင်ဘာလ(၁၄)ရက်နေ့က နတ်မောက်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာ များမှနိုင်ငံသားစိစစ်ရေးကတ်များလာရောက်ပြုလုပ်ကြရာတွင် ၃(က)ဖြင့်ပြု လုပ်သူမ(၁)ဦး၊ ၆(က)ဖြင့် ပြု လုပ်သူကျား(၃)ဦး၊ မ(၂)ဦး၊ လဲလှယ်သူ ကျား(၅)ဦး၊ မ(၇)ဦး၊ မိတ္တူကျား(၆)ဦး၊ မ(၂)ဦး စုစုပေါင်း (၂၆)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး အဆိုပါရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို  မတ်လ (၃) ရက်နေ့မှ ဒီဇင်ဘာလ (၁၄) ရက်နေ့အထိ  နိုင်ငံသားစိစစ်ရေးကတ် စုစုပေါင်း (၄၁၅၇)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း(၁၁၄၂)ဦး ပြုလုပ် ပေးပြီးဖြစ်ကြောင်း မြို့နယ် လ ဝ က ဦးစီးမှူး ဦးမျိုးတင့်ထံမှ သိရသည်။

သင်းသင်းမြတ်(နတ်မောက်)