ပန်း​တောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (community centre) ၌ စာဖတ်ဝိုင်း ကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (community Centre) လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ အေးနှင်းအောင် ၏ ”လှပသောစကားသုံးလုံး” စာအုပ် ဖြင့် စာဖတ်ဝိုင်း ပြုလုပ်သည်။ ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်သင်းသင်းအေးမှ စာပေချစ်သူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၊ အသိပညာဗဟုသုတများ ပိုမို တိုးပွားလာခြင်း၊  စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အမှားအမှန်ကို ကိုယ်တိုင် ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး၊ တက်ရောက်လာ​သော ကျောင်းသား၊ ကျောင်းသူများမှ စာအုပ်တွင် ပါရှိသော ခေါင်းစဉ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြပြီး စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ခဲကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)