လေးမျက်နှာမြို့နယ်တွင် ပြည်သူများအား (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

လေးမျက်နှာ    ဒီဇင်ဘာ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား  ယနေ့နံနက် (၉)နာရီအချိန်မှစ၍   ဆေးထိုးစုရပ် (၁၀)ခုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinoparm) phase-5 ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းပြီး မြတ်စေတနာ (အခမဲ့) ဆေးပေးခန်းဆေးထိုးစုရပ်၊ ခမောက်စုဆေးပေးခန်းဆေးထိုးစုရပ်၊ လဟာကြီးဆေးပေးခန်းဆေးထိုးစုရပ်၊ ပိန်းအင်းဆေးပေးခန်း ဆေးထိုးစုရပ်၊ ဝါးရုံချောင်းဆေးပေးခန်းဆေးထိုးစုရပ်၊ လက်သမားမြန်မာဆေး ပေးခန်းဆေးထိုးစုရပ်၊ သခွတ်ချောင်းဆေးပေးခန်း ဆေးထိုးစုရပ်၊ ကတက်ကုန်း ဆေးပေးခန်း ဆေးထိုးစုရပ်၊ သဲနုကုန်းဆေးပေးခန်းဆေးထိုးစုရပ်၊ ခတ္တူဆေးပေးခန်းဆေးထိုးစုရပ် စုစုပေါင်း ဆေးထိုးစုရပ်(၁၀)ခုတွင် ခန့်မှန်းဦးရေ(၃၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအား  (ပထမ)အကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင်  ကာကွယ်ဆေး လာရောက်ထိုးနှံကြသောပြည်သူများအား  ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်း ပေးခြင်း၊  သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင်  ချက်ချင်းကုသပေးနိုင်ရေး အတွက် ကြည့်ရှု့စောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ကျော်ဟိန်း(လေးမျက်နှာ)