ကလေးမြို့တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်

ကလေး  ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါတုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကလေးမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာကြရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းများကို  ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်း(Mask)အရေတွက်ပေါင်း(၅၀၀၀)ကို လူစည်ကားရာ ဗိုလ်ချုပ်လမ်းရှိမြို့မဈေး၊ အင်းဝဘဏ်၊ လမ်းဆုံနှင့် ကားဂိတ်များတွင် ဖြတ်သန်းသွားလာနေသူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ကြပြီး နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းကို   မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်များဖြင့်လှည့်လည်၍  နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကို ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)