ရွှေသောင်ယံ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြေစိုက်နံရံကပ်ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအား အသိပညာပေး နံရံကပ်စာစောင်အဖြစ်ပြသခြင်းကို ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပြသခဲ့ရာ ပြည်သူများ လာရောက်လေ့လာ ကြည့်ရှုကြသည်။
အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်ဖြစ်သည့် နိုင်ငံရေးဦးတည်ချက်(၃)ရပ်၊ စီးပွားရေး ဦးတည်ချက် (၃)ရပ်၊ လူမှုရေးဦးတည်ချက်(၃)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တို့ကို မှတ်တမ်းဓါတ်ပုံများနှင့် ပြသထားရာ လမ်းသွားလမ်းလာ ပြည်သူများ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။
ကိုကိုမောင်
ရွှေသောင်ယံ(ပြန်/ဆက်)