ကျောင်းကုန်းမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ကျောင်းကုန်း   ဒီဇင်ဘာ   ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါ ကျေးလက်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ယနေ့ပေးအပ်သော စီမံကိန်းရန်ပုံငွေများကို မိမိတို့ကျေးရွာမှာ အကျိုးရှိစွာ သုံးစွဲကြဖို့လိုကြောင်း ပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထူးက ဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်ဇော်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ ပြီး၊ ကျေးရွာ(၆)ရွာအား တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေများ လွှဲပြောင်း‌ပေးအပ်ခဲ့ကြသည်။ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရွှေကညင် ပင်ကျေးရွာသည် လျှပ်စစ်မီးလင်းရေး သုံးစွဲမည်ဖြစ်ပြီး၊ ကမ်းနားရှမ်းကျေးရွာ၊ ဝက်ခြံဂရက် ကျေးရွာ၊ ပျားဇလက်ကျေးရွာ၊ သုံးခွကျေးရွာနှင့် ကိုင်းဝိုင်းကျေးရွာတို့သည် လမ်းအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ကျေးလက်ဦးစီးဌာနရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)