ပလောက် ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်သူများ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများအသိပညာပေးပိုစတာများစိုက်ထူခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က လူစည်ကားရာနေရာ၊ လမ်းဆုံ၊လမ်းခွများ၌ ပြသဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပိုစတာများ စိုက်ထူဆောင်ရွက်ရာတွင်မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် လျှပ်စစ် ဓာတ်အားအသုံးပြုရာတွင် သိရှိလိုက်နာရမည့် အချက်များဖြစ်သော မီးပူတိုက်နေစဉ် တစ်ခုခုလုပ်ရန် ခေတ္တထ သွားပါက၊ မီးပူခလုတ်ကိုပိတ်ခဲ့ခြင်း၊ ရိုးရိုးမီးလုံး၊ မီးချောင်းထက်Energy Saving Lamp ကိုရွေးချယ် အသုံးပြုရန်၊ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေအချိန်ပြည့်ပန်ကာကို ဆက်တိုက်ဖွင့်ထားခြင်းမပြုလုပ်ရန်၊ အမှန်တကယ်ကြည့် မည့်အချိန်၌ သာတီဗွီကိုဖွင့်ပါ၊ ကြည့်သူမရှိဘဲအချိန်ပြည့်ဖွင့်ထားခြင်းကိုမပြုလုပ်ရန်၊ အိမ်အပြင်တွင် ထွန်းထားသော မီးများကိုနေ့အလင်းရောင်ရရှိချိန်တွင် မီးပိတ်ထာခြင်းကို ဆောင်ရွက်ရန် စသောလျှပ်စစ်ဓာတ် အားချွေတာ သုံးစွဲနိုင်မည့်နည်းလမ်းများ အသိပညာပေးပြသဆောင်ရွက်ထားပြီး၊ အဆိုပါ အသိပညာပေးပြဘုတ်များကို ပလောက် မြို့မြို့နယ်လျှပ်စစ်မှူးမှဦးစီး၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများနှင့်(PTC)ဖိုးသီးချိုလျှပ်စစ် ဝန်ဆောင်မှု ဝန်ထမ်းများပူးပေါင်းပြီး လူစည်ကားရာနေရာများ၌ ပိုစတာများစိုက်ထူခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)