ကျွန်းစု ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် ဈေးမီးဘေးကြိုတင် ကာကွယ် ရေး ဆောင်ရွက်မှုအဖြစ် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျွန်းစု မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကျွန်းစုမြို့မဈေးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအေးမင်းထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ရေသယ်ယာဉ်များနှင့် မီးသတ်ယာဉ်များဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်းတို့အား ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးက ဈေးသူ/သားများ၊ ရပ်ကွက်နေပြည်သူများအား လက်တွေ့ မီးငြှိမ်းသတ်ခြင်းနှင့်ပတ်သက်၍ စနစ်တကျ မီးငြှိမ်းသတ်မှု နည်းလမ်းများအား ရှင်းလင်းခဲ့ကာ အရေးပေါ်မီးငြှိမ်းသတ်(ဖုံးအုပ်နည်း)နှင့် မီးသတ်ဆေးဗူးအသုံးပြုနည်းအား အသေးစိတ်သရုပ်ပြသ ခဲ့ကြပြီး လက်တွေ့ပြုလုပ်စေခဲ့ကြောင်း သိရသည်။
CTRA(Kyunsu)