ကရသူရိမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအသိပေးနှိုးဆော်

ကရသူရိ ဒီဇင်ဘာလ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်များက မိဘပြည်သူများ အနေဖြင့် မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကိုဗစ်-၁၉ ရောဂါကို သတိပြု ကြိုတင်ကာကွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲကိုသစ်တားဆီးနိုင်ရေး လက်ကို စနစ်တကျမကြာခဏဆေးကြောပေးပါ။ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နီးစပ်ရာကျန်းမာရေးဌာနတို့တွင် မပျက် မကွက် အကြိမ်ပြည့် သွားရောက်ထိုးနှံကြပါရန်နှင့် ကျန်းမာရေဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ အတိုင်း လိုက်နာ နေထိုင်ရေးတို့ကို တိုက်တွန်းနှိုး​ဆော်ခဲ့ ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)