ဒေးဒရဲမြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြတ်စေတနာဘိုးဘွားရိပ်သာသို့ အာဟာရဒါနနှင့် ထောက်ပံ့ငွေများပေးအပ်

ဒေးဒရဲ   ဒီဇင်ဘာ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အမှတ်(၁) ရပ်ကွက်ရှိ မြတ်စေတနာဘိုးဘွားရိပ်သာသို့ ယမန်နေ့ နေ့လယ်ပိုင်းက အာဟာရဒါနနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဘိုးဘွားများ စားသောက်နေထိုင်ရေး အခက်အခဲမရှိစေရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြတ်စေတနာဘိုးဘွား ရိပ်သာရှိ အဘိုး(၁)ဦး၊ အဘွား(၈)ဦး စုစုပေါင်းဘိုးဘွား(၉)ဦးအတွက် တစ်ရက်စာ အာဟာရဒါနနှင့် ထောက်ပံ့ငွေ (၂၅၀၀၀)ကျပ်ကို ဒေးဒရဲမြို့ မြို့နယ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက မြတ်စေတနာဘိုးဘွားရိပ်သာရှိ  တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)