ရှမ်းရွာသစ် ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အသိပညာ ဗဟု သုတ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်များတွင် အမှိုက်များ၏ဆွေးမြေ့မှုသက်တမ်းသိကောင်းစရာ များ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ဖျက်ဆီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းဖို့ သစ်တောသစ်ပင်ထိန်းသိမ်းကြစို့၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်စေရေးပြုစုပေး၊ ရေ၊ မြေ၊ သစ်ပင်နီတိ စသည့် သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သိကောင်းစရာများပါဝင်သော အသိပညာပေး ဗီနိုင်းများကို ပြသထားရာ ကျောင်းသား/သူများတို့က စိတ်ဝင်စားစွာကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)