တနင်္သာရီမြို့တွင်အသက်(၁၈)နှစ်ပြည့်ဒေသခံ(၂၁၂၉)ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေး (ပထမ/ဒုတိယ)အကြိမ်ဆက်လက်ထိုးနှံပေး

တနင်္သာရီ ဒီဇင်ဘာလ ၁၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏အစီအမံဖြင့် မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည်အုပ်စုများအား အကြိမ်ပြည့် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန် မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့ဒီဇင်ဘာလ ၁၄ရက်နေ့တွင် တနင်္သာရီခန်းမအတွင်း အသက် (၁၈)နှစ်ပြည့်ပြီးသူများအား မြို့နယ် ဆရာဝန်ကြီးဒေါက်တာအောင်သိုက်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။

 ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် တတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် အခြားဝင်ငွေရရှိသော လုပ်ငန်းများကိုလုပ်ကိုင်သူ(၁၃)ဦး၊ မှီခို (၇)ဦးပေါင်း (၂၀)ဦးတို့အားလည်းကောင်း၊ အလားတူ(စတုတ္ထ)အသုတ် (ဒုတိယ)အကြိမ်အဖြစ် သံဃာတော် (၃) ပါး၊ ဌာနဆိုင်ရာဝန်ထမ်း(၁၇)ဦး၊ပုဂ္ဂလိကစက်ရုံအလုပ်ရုံလုပ်သား(၆)ဦး၊ ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးလုပ်သား(၅)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၁၀၄၄)ဦး၊ စျေးသည်(၁၁)ဦး၊မှီခိုသူ (၃၆၁)ဦး ပေါင်း(၁၄၄၇)ဦး အားလည်းကောင်း၊  အလားတူ (ပဥ္စမ)အသုတ်(ပထမ)အကြိမ်အဖြစ် သံဃာတော် (၅) ပါး၊ ဌာနဆိုင်ရာဝန်ထမ်း(၁၄)ဦး၊ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်သား(၁)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၃၆၆)ဦး၊စျေးသည်(၁)ဦး၊ မှီခို(၂၇၅)ဦးပေါင်း(၆၆၂)ဦးအားလုံးစုစုပေါင်း (၂၁၂၉)ဦးအားထိုးပေးနိုင်ခဲ့ ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း