ဘောဂလိ ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၈နာရီအချိန်က ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီး မှူး ဒေါ်ကြည်ကြည်ခိုင်က လူသားတိုင်း မိမိတို့၏ ဘဝတွင် လူကုန်ကူးမှုမခံရစေရန်၊ မိမိကိုယ် ကိုကာကွယ်တတ်ရန်နှင့် လူကုန်ကူးခံရပါကလည်း မိမိ၏လူမှုဝန်းကျင်တွင် ပုံမှန်ပြန်လည် နေထိုင်နိုင်ရန်အတွက် လိုအပ်သောသတင်း အချက်အလက်များရရှိရန် ရည်ရွယ်၍ အသိပညာ ပေးဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဘောဂလိမြို့ စာကြည့်တိုက်(book club) အဖွဲ့ဝင် ဦးကျော်သူစိုးက လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအချက်များ၊ လူကုန်ကူးရောင်းဝယ်မှု အခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူး ခံရခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေမှ ပြစ်မှု၊ ပြစ်ဒဏ်များ စသည့်အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဘောဂလိ(ပြန်/ဆက်)