ရေကြည် ဒီဇင်ဘာ ၁၅
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက မြို့မစျေးအတွင်း မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးငြိမ်းသတ်နည်းများအား မီးသတ်တပ်ဖွဲ့ ဝင်များက လက်တွေ့သရုပ်ပြခဲ့ပြီး လက်တွေ့မီးငြိမ်းသတ်ရေး အသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို မီးသတ် ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)