ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ လှည့်လည်ဆောင်ရွက်

ရွှေသောင်ယံ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့ နံနက်ပိုင်းက ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် အနေအထိုင်၊ အစားအသောက်၊ အသွားအလာတို့တွင် ပေါ့ဆမှုများမဖြစ်ပေါ်စေ ရန် အသိပညာပေးလုပ်ငန်းများကို ရပ်ကွက်များအတွင်း၌ လှည့်လည်‌ကြေငြာ၍ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ရပ်ကွက်များအတွင်း၌ လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရခြင်း ရည်ရွယ် ချက်မှာ ပြည်သူများ ကျန်းမာရေး စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် သာယာစိုပြည်သော လူ့အဖွဲ့ အစည်းဖြစ်ပေါ်လာစေရန်၊ ကျန်းမာရေးစည်းကမ်းများကို အလေးထားဆောင်ရွက်ကြခြင်းဖြင့် မိမိတို့ဒေသအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်လာစေရန် ရည်ရွယ်ချက်တို့ဖြင့် ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်းသိရသည်။
ကိုကိုမောင် ရွှေသောင်ယံ