မင်းဘူး ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးကြီးအတွင်း၌ ရောင်းချနေသည့် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော စားသောက် ကုန် များနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူး မြို့မဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကုန်ပစ္စည်းများနှင့် စားသောက်ကုန်များရောင်းချရာ၌ ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရောင်းချ ခြင်း၊ စားသုံးရန်မသင့်သော သက်တန်းလွန် စားသောက်ကုန်ပစ္စည်းများရောင်းချခြင်း၊ စားသောက်ကုန်များတွင် ဓါတုဆေး ဝါးများ၊ အရောင် ဆိုးဆေးများသုံးစွဲပါရှိမှု၊ ဖော်မလင်ပါသောပဲပြားများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးကွက်စောင့်ကြည့်ခြင်းနှင့် အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်ထံမှ သိရသည်။
အဆိုပါစစ်ဆေးမှုများကို ၂၀၁၉ ခုနှစ် မတ်လတွင် ပြဌာန်းထားသော စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများကို မကွေးခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်ပြီး ဌာဆိုင်ရာအဖွဲ့များနှင့်ပူပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)