ဘားအံမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ဘားအံ   ဒီဇင်ဘာ  ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်အတွက် မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန် ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို အပတ်စဉ်အင်္ဂါနေ့တွင် မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ  ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မွေးစမှ အသက် တစ်နှစ်ခွဲကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်  ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ်နိုင်ရန် အတွက် ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)