ဒိုက်ဦးမြို့နယ် မြစိမ်းရောင်စီမံကိန်းမှ ချေးငွေများထုတ်ချေးပေး 

ဒိုက်ဦး ဒီဇင်ဘာ ၁၄ 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်း ရောင်‌စီမံကိန်းမှ ဒသမအကြိမ်မြောက် ချေးငွေထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ဘုရားကြီးကွင်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား မိသား စုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့် ကျေးလက်လူနေမှု အဆင့်အတန်း ကွာဟမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ဘုရားကြီးကွင်းကျေးရွာသို့ ထုတ်ချေးပေးခဲ့​ခြင်းဖြစ်သည်။

အဆိုပါ ဘုရားကြီးကွင်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်း၏ ကျေးရွာကော်မတီဝင်များမှ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ရေလုပ်ငန်း အတွက် ဆောင်ရွက်မည့် အသင်းသူအသင်းသား စုစုပေါင်း ၁၇၂ ဦးထံသို့ ချေးငွေကျပ် ၅၀ ဒဿမ ၅၇ သန်းကို အတိုးနှုန်းကျပ် တစ်ရာလျှင် ပြား ၅၀ နှုန်းဖြင့် အသင်းသူအသင်းသားများ၏ လက်ဝယ်အ​​ရောက် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 

မြို့နယ် (ပြန်/ဆက်)