ပြည် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို ပြည်သူများ အသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများ အတွင်း ယနေ့ မွန်းလွဲပိုင်းက အသံချဲ့စက်ဖြင့်လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ယင်းသို့ အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအား အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်ထားပြီး လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (face shield) ကို တွဲဖက်တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာစနစ်တကျ မကြာခဏဆေးကြော ရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ဆိုးပါ၊ လူစုလူဝေးရှောင်ပါ စသည့် အချက်အလက်များ အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုလည်း အများပြည်သူသိရှိနိုင်စေရန် နံရံကပ်စာစောင်၊ Hand Speaker နှင့် Sound Box အသံချဲ့စက်တို့ဖြင့် အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြကြောင်း သိရ သည်။
ပြည်ခရိုင်(ပြန်/ဆက်)