သရက်ခရိုင်၊ မင်းလှမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများကို စစ်ဆေး အရေးယူခြင်းများ ဆောင်ရွက်

အထက်မင်းလှ ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မင်းလှမြို့တာဘောင်ကြီးလမ်း၌ နေအိမ်ပြင်ပ သွားလာ ရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို စစ်ဆေး အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင် နေအိမ်ပြင်ပသွားလာရာ၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများ အားစစ်ဆေး အရေးယူခြင်းကို မြို့နယ် ကိုဗစ်-၁၉   ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကော်မတီ အဖွဲ့ဝင်ဌာန ဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ ပူးပေါင်းအဖွဲ့မှ မော်တော် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိ ရပ်တန့်စစ်ဆေးကာ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းတစ်ခုလျှင် ငွေကျပ်တစ် ထောင်နှုန်းဖြင့် တစ်ဦးလျှင် နှာခေါင်းစည်းMask(၂)ခု ရောင်းချပြီး လက်တွေ့တပ်ဆင် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)