စုကလိမြို့တွင် အသက် ၁၈ နှစ်အထက် မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

စုကလိ  ဒီဇင်ဘာ   ၁၄

ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ မဲကုလားကျေးရွာအုပ်စု ဆုံးဆည်းမြိုင်နှင့် ဝါးမီးထ ကျေးရွာ များရှိ အသက် ၁၈ နှစ်အထက် မိဘပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို  ယနေ့၌  ဆုံဆည်းမြိုင် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အမှတ်(၇) တပ်မတော်ဆေးရုံ (ခုတင်-၂၅) မှ ဗိုလ်မှူး စိုးသီဟလွင် ဦးဆောင်သည့် ဆေးအဖွဲ့မှ လာရောက်၍ ထိုးနှံပေးခဲ့ရာ ဆုံဆည်းမြိုင်ကျေးရွာ၊ ဝါးမီးထ ကျေးရွာများမှ အသက် ၁၈ နှစ် အထက် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခဲ့ရာတွင် လူဦးရေစုစုပေါင်း ၁၀၀ ခန့်အား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ပိုပို​အောင်