ဘားအံ ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေး ဆရာမစန္ဒာ ရေးသားထားသော “ဝတ္ထုတိုများ-၃” ရသစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာမ ဒေါ်ဆုလာဘ်နွယ်က ဝတ္ထုတိုများ-၃ စာအုပ်တွင် ပါဝင်သည့် မြန်မာ အမျိုးသမီးများ နှစ်ယောက် ရှိလေသည်၊ စက်ဝိုင်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားပြီး ဘားအံခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စုန်ရေ၊ ဆန်ရေ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဘားအံခရိုင် (ပြန်/ဆက်)