ကျောင်းကုန်းမြို့တွင် ကွန်ကရစ်လမ်းနှင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်

ကျောင်းကုန်း ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက် အောင်တံခွန်လမ်းတွင် ယနေ့နံနက် ၉ နာရီက ကွန်ကရစ်လမ်း ခင်းကျင်း‌နေပြီး၊ အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် (၃၅၀)ပေ၊ အကျယ်(၁၂)ပေနှင့် ထုထည် ()လက်မရှိကြောင်းသိရသည်။ ဆက်လက်၍ အမှတ်()ရပ်ကွက် ဗလမင်းထင်လမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး၊ လမ်းအရှည်(၃၃၀)ပေ၊ အကျယ်(၁၂)ပေနှင့် ထုထည်()လက်မ ကျောက်ချော လမ်းနှင့် ရုံးပေါင်းစုံလမ်း အရှည်(၁၈၀)ပေ၊ အကျယ်(၁၂)ပေနှင့် ထုထည်()လက်မ ကျောက်ချောလမ်းများအား  Emerald Delta ကုမ္ပဏီမှ တာဝန်ယူ ခင်းကျင်းလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။ အဆိုပါ ကွန်ကရစ်လမ်းခင်းနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့်ဝန်ထမ်းများက သွားရောက် ကြည့်ရှုခဲ့ကြပြီး၊ အရည်အသွေးပြည့်မီသော လမ်းဖြစ်စေဖို့ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်