ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေစာရင်းအား အိမ်ထောင်စုဇယား (၆၆/၆)နှင့်တိုက်ဆိုင်စစ်ဆေးပြီး ကွန်ပျူတာ (၁၇)လုံးဖြင့် စာရင်းပြုစုဖြည့်သွင်းခြင်း အခြေအနေများအား ယမန်နေ့က အဆိုပါလုပ်ငန်းများ ဆောင်ရွက်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှု့စစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်း မဲဆန္ဒရှင်လူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စုဇယား (၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီးစာရင်း ပြုစုဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများအားလုံး ပြည့်စုံမှန်ကန်စွာ စာရင်းပြုစုဖြည့်သွင်းကြရန်နှင့် လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း