ဝက်လက် ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာ ကွင်းအမှတ် ၃၂၆၁ ရှိ တောင်သူ ဦးဇော်မင်းမြတ် ၏ မိုးစပါး ပေါ်ဆန်းရင် မျိုးစေ့ထုတ် စိုက်ခင်းကို ရိတ်သိမ်းကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ထုတ် စိုက်ခင်း ရိတ်သိမ်းရာတွင် တစ်ဧက ပျှမ်းမျှ အစိုထွက်ကောင်း ၁၁၇ တင်း ၊ သင့် ၁၁၂ တင်း ၊ ညံ့ ၉၈ တင်းနှုန်း ထွက်ရှိရာ တစ်ဧကပျမ်းမျှ ၁၀၉ တင်း ထွက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ စံပြကွက် ရိတ်သိမ်းခြင်းသည် တောင်သူများ အနေဖြင့် မိရိုးဖလာ စပါး စိုက်ပျိုးခြင်းနှင့် မျိုးကောင်း မျိုးသန့် စပါးမျိုးများ စိုက်ပျိုးကြရာတွင် စပါးထွက်နှုန်း ကွာခြားချက်များကို သိရှိလိုသည့် ရည်ရွယ်ချက်များ ဖြင့် စမ်းသပ်ရိတ်သိမ်း ရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး နှင့်ဝန်ထမ်းများ ၊တောင်သူများက ရိတ်သိမ်းကြကြောင်း သိရှိရသည်။
စိုးစိုးလှိုင် ( ဝက်လက်)