ကော့ကရိတ် ဒီဇင်ဘာ ၁၄
ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများ ရရှိလာစေရန်၊ ကလေးအလုပ် သမား လျော့နည်းပပျောက်စေရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်သည့် အသိ ပညာများကို သိရှိနိုင်ရန် ရည်ရွယ်၍ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာနမှ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံး၌ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်များတွင် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးဆိုင်ရာ သိမှတ် ဖွယ်ရာများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာ များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးစာစောင်များနှင့် လူကုန်ကူးမှုဆိုင်ရာ ဥပဒေနှင့် ပြစ်မှု ပြစ်ဒဏ်များ ပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသော ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)