မြဝတီမြို့၌  ပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲOmicron(အိုမီခရွန်)ရောဂါ အသိပညာပေးနှိုးဆော်

မြဝတီ   ဒီဇင်ဘာ   ၁၄

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးနှင့်ပြည်သူ များ သို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါအသိပညာပေးတိုက်တွန်းနှိုးဆော် ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး   မိဘပြည်သူ များအပြင်ထွက်သွားလာတိုင်း  နှာခေါင်းစည်း  (Mask)ကိုတပ်ဆင်ပါ၊    လက်ကိုမကြာခဏ ဆပ်ပြာ နှင့်စက္ကန့်(၂၀)ကြာအောင်   စနစ်တကျဆေးကြောပေးပါ၊     ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး မထိုး နှံရသေးသူများ ကာကွယ်ဆေးထိုးနှံထားကြပါရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်) ရောဂါနှင့် ပတ်သက်သည့်အချက်အလက်များနှင့်      ကျန်းမာရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်များ အတိုင်း လိုက်နာ နေထိုင်ကြရန်တို့ကို အသိပေးနှိုးဆော်သည်။

အဆိုပါ ဆောင်ရွက်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရောဂါကြိုတင်ကာကွယ်နိုင်ရေး ဆက်လက်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)