စေတုတ္တရာ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က စေတုတ္တရာမြို့နယ်သို့ ရောက်ရှိကာ Oxygen စက်ရုံဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို စေတုတ္တရာမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များက Oxygen Container Box စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ဝန်ကြီးချုပ် က Compressor အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် Oxygen စက်ရုံလည်ပတ်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး Oxygen စက်ရုံဖွင့်ပွဲ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
Oxygen Container Box နှင့် Transformer တို့အား လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဝန်ကြီးချုပ် ဦးတင့်လွင်က Oxygen Container Box နှင့် Transformer တို့အား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ သင်းလဲ့စိုလွင်ထံသို့ လွှဲပြောင်းပေးအပ်ပြီးနောက် မြို့နယ် အတွင်းရှိ ပြည်သူများ ကိုယ်စား ဒေသခံတစ်ဦးဖြစ်သူ ဦးမိုးတင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထိုမှတဆင့် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတုတ္တရာမြို့ အထက ကျောင်းသို့ သွားရောက် ကာ ကျောင်းသား/သူများ အေးချမ်းစွာ စာသင်ကြားနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များနှင့် သွန်သင်ဆုံးမစကားများကို ပြောကြားခဲ့သည်။
ယင်းနောက် ယဉ်ကျေးလိမ္မာစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ယဉ်ကျေး လိမ္မာစာအုပ်များ၊ ကျောင်းသုံး ဗလာစာအုပ်များနှင့် ချင်းစာပေ စာအုပ်များကို ကျောင်းသား/သူ များထံ ပေးအပ်ကြပြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် က နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျောင်းသား/သူများထံ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြကန်သာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဏ္ဍလထံသို့ သွားရောက်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)