မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ Test-Kit ဖြင့် အခမဲ့စစ်ဆေးပေးလျက်ရှိ

မြဝတီ ဒီဇင်ဘာလ ၁၄

 ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်  ဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာလ ၉ ရက် နေ့မှ စတင်၍ မြဝတီခရိုင်ပြည်သူ့ဆေးရုံဝင်း အရိုးဆောင်ဟောင်းတွင်  မည်သူမဆို ကိုဗစ်-၁၉ ရောဂါ သံသရှိသူများအား    ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test-Kit ဖြင့် အခမဲ့စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ စစ်ဆေးပေးရာတွင် မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၊ ခရီး သွားပြည်သူများအနေဖြင့် မိမိကိုယ်ကိုသံသယရှိပါက ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ ကြိုတင်စစ်ဆေးမှု ပြုလုပ်နိုင်ရန်  တနင်္ဂလာနေ့မှ သောကြာနေ့အထိ  အပတ်စဉ် အစိုးရရုံးဖွင့်ရက်အတိုင်း နံနက်(၉) နာရီမှ နေ့လည်(၁၂)နာရီအထိ အခမဲ့စစ် ဆေးပေးသွားမည်ဖြစ်ပြီး  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ပါက မြဝတီမြို့နယ်တွင် ဖွင့်လှစ်ထားသည့်   ကိုဗစ် Centre များသို့  ပို့ဆောင်ကာ ဆေးကုသမှု ခံယူရမည် ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာအေးအေးဖြူထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)