ကျွန်းစု ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ကြားခြင်း တို့အား ကျင်းပပြုလုပ်ရေး၊ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့် လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲမှူး က မြို့လုံခြုံရေးဆိုင်ရာများ ဆွေးနွေးခဲ့ပြီး မြို့နယ် အား/ကာ ဦးစီးမှူး က အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများနှင့် စသည် ပျော်ပွဲရွင်ပွဲများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
CTRA