မင်းလှမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် တပ်တူကျသော နှလုံးသားနှင့် အခြားဝတ္တုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မင်းလှ ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီချိန်က အသိပညာပေးလုပ်ငန်း တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင်  မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် စာရေးဆရာမ အေးချမ်းမော်က စာရေးဆရာမောင်နေခြည်(ပြည်)၏ တပ်တူကျသော နှလုံးသားနှင့် အခြားဝတ္တုတိုများစာအုပ်မှ ရှေးဘဝ က ကံနည်းခဲ့တယ် “ငွေ” ရယ်၊ သံသရာလည်းဆုံးစေ ဆုံးစေ၊ တပ်တူကျသော နှလုံးသားများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့  မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်တို့ တက်ရောက်ခဲ့ကြပြီး  အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ