ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၄
ကရသ်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှအများ ပြည်သူများအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သော အကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က အများပြည်သူအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားပြီး ဆရာမ ဒေါ်နန်းညွန့်ညွန့်ဆွေ က မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာ မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါးစတင်ရောက်ရှိလာမှုအအနေများ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ ပြစ်မှုပြစ်ဒဏ်များ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာချို့ရွင်းချက်များ မူးယစ်ဆေးဝါး၏အန္တရာယ် အလွန်ကြီးမားကြောင်းစသည့် သိကောင်းစရာအချက်အလက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး