ကမမောင်း ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ် မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူးတင်ဆက် ဆောင်ရွက်ပေးလျက် ရှိသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိ သတ်များနှင့် သားငယ်သမီးငယ်များအတွက် ဗဟုသုတရရှိစေရန် ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ၊ရသစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်းအစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များ၊စာကြည့်တိုက်လှုပ်ရှား ဆောင်ရွက်မှုများကို ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်း များက ရိုက်ကူးတင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
ယခုကဲ့သို့ Online စနစ်ဖြင့် ကမမောင်းမြို့ပြည်သူ့စာကြည့်တိုက် Facebook Pageမှ တင်ဆက် ပေးခြင်းဖြင့် ကိုဗစ်ကာလ ပြည်သူများအနေဖြင့် စိတ်အပန်းဖြေမှုနှင့် အသိပညာဗဟုသုတ များလည်း ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)